သာကေတမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲ ကျင်းပ

သာ​​ကေတ ဇူလိုင်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု‌‌သောအားဖြင့် Online Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သာ‌ကေတမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူ၊ သာကေတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ အတွင်းရေးမှူး၊ မြို့နယ် women Club ဒုဥက္ကဋ္ဌဒေါ်စမ်းစမ်းနွဲ့တို့မှ မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ မြန်မာနိုင်ငံအမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားသည့် အမျိုးသမီး ရေးရာ လုပ်ငန်းကော်မတီ၏လုပ်ဆောင်ချက်၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ရည်ရွယ်ချက် (၇)ချက်၊ ဦးတည်ချက်(၄)ချက်၊ အခြေခံမှု(၅)ချက်နှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ အမျိုးသမီးဘဝ ဖွံ့ဖြိုးဖို့ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်စို့ဆောင်ပုဒ်နှင့်အညီ သာကေတမြို့နယ်အတွင်း အမျိုးသမီးရေးရာအဖွဲ့၏ ဆောင်ရွက်ချက်များဆွေးနွေးပြီး မြန်မာအမျိုးသမီးများ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန် အမျိုးသမီး များ၏အရည်အသွေးစွမ်းပကား မြှင့်တင်ရန်ဟူသည့် အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ရည်ရွယ်ချက်နှင့်အညီ ဝတ်စားဆင်ယဉ်မှုနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကာ ဆွေးနွေးပွဲအား ရုတ်သိမ်းခဲ့သည်။

အဆိုပါ online Talk Show အစီအစဉ်အား ရိုက်ကူး၍ သာကေတမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် page တွင် လွှင့်တင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ