မိုင်းဆတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပွား
Jul 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဇွန် ၃၀ ရက် နံနက်ပိုင်းမှစ၍ မိုးများအဆက်မပြတ် ရွာသွန်းလျက်ရှိသဖြင့် တောင်ကျရေများစီးဝင်ခဲ့ရာ ယမန်နေ့ ညနေ ၃ နာရီခန့်က မယ်ဆွမ်မြောက် (ကွက်သစ်) ရပ်ကွက်အတွင်းရှိ မြေနိမ့်ပိုင်းနေရာများဖြစ်သော ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာနရုံးနှင့် ခရိုင်သဘာဝပတ်ဝန်းကျင်ဉီးစီးဌာနရုံး အဆောက်အဉီနှင့် ရုံးဝင်းအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။