ကျိုက်ထို ဇူလိုင် ၃
ကျိုက်ထိုမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်(၃)ရက် နံနက် ၉နာရီ တွင်ကျိုက်ထိုမြို့ ကျိုက်ပိရွှေသောင်ကွင်း ဒီရေတောကြိုးပြင်ကာကွယ်တော၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင်ကျိုက်ထိုမြို့ နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးဝင်းနှင့်၀န်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်၀န်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၀င်များ၊ လူမှု ရေးအဖွဲ့အစည်းများနှင့် ကျေးရွာသူ၊ကျေးရွာသားများမှ သတ်မှတ်နေရာအသီးသီးတွင် ပျိုးပင်များကိုတစ်ပြိုင်နက် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ဗျူးခြေထောက်(အဖို)၁၂၁၀ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
သန်းသန်းမော်(ကျိုက်ထို)