ညောင်လေးပင်မြို့ရှိ မုက္ခမူချောင်း သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်

ညောင်လေးပင် ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် လူတစ်ဦးချင်း ဝင်ငွေတိုးတက်‌စေရေး၊ တစ်ပိုင်တစ်နိုင်ဟင်းစားရရှိရေး တို့အားရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က ညောင်လေးပင်မြို့ မုက္ခမူကျေးရွာရှိ မုက္ခမူချောင်း သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဘုန်းမောင်နှင့် မြို့နယ်စီမံအုပ်ရေးအဖွဲ့များ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ဦးထိန်ဝင်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်မှုကော်မတီ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ၂လက်မ အရွယ်အစားရှိ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၁၇၇၀၀၀ ကို မုက္ခမူချောင်းအတွင်း ငါးမျိုးစိုက်ထည့် ခဲ့ကြသည်။

ငါးမျိုးစိုက်ထည့်ပေးရခြင်းသည် ငါးများနေထိုင်သည့်နေရာများ ပျောက်ဆုံးလာခြင်း ရေထု ညစ်ညမ်းခြင်းစသည့် အကြောင်းအရာများ၊ လူများ၏ မဆင်မခြင်ပြုမူမှုများ အလွန် အကျွံ ငါးဖမ်းဆီးမှု၊ တရားမဝင် ဘတ္ထရီလျှော့တိုက်ခြင်း၊ အဆိပ်ချခြင်း၊ မိုင်းခွဲခြင်းစသည့် ငါးဖမ်း နည်းများကြောင့် ရေနေသယံဇာတများ ပျက်စီးလာခြင်းများဖြစ်ပေါ်ပြီး ရေနေသယံဇာတများ လျော့နည်းလာချိန်တွင် တိုးပွားလာသော လူဦးရေအတွက် ငါးရိက္ခာဖူလုံစေရန် သဘာဝ ရေပြင်များ၊ အင်းအိုင်ချောင်းမြောင်းများ၊ စပါးခင်းများမှ ငါးမျိုးထုတ်လုပ်နိုင်ရေးအတွက် ငါးမျိုး စိုက်ထည့်ပေးနေရခြင်းဖြစ်ကာ ပြည်သူများအနေဖြင့်လည်း ငါးသယံဇာတ ရေရှည် တည်တန့် အောင် ဝိုင်းဝန်းထိန်းသိမ်းပေးကြရန်လည်း ငါးလုပ်ငန်းဦးစီးဌာနက တိုက်တွန်းထားကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်