သတင်းများ

မိုင်းခတ်မြို့နယ် လူထုအခြေပြုဟိုဌာန၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jul 17,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)တို့ပူးပေါင်း၍ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်သည်။
ပန်းဘဲတန်းမြို့နယ်တွင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်း‌ရေးနှင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Jul 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ အမှတ်( ၅) ရပ်ကွက်၊ ဗိုလ်ချုပ် စျေးနှင့် အမှတ်( ၂) ရပ်ကွက် Junction City တို့တွင် ဆေးထိုးစုရပ်များပြုလုပ်၍ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ၌ ပြည်သူများအား COVID ရောဂါကာကွယ်ဆေး Pfizer LP.8.1 ထိုးနှံပေးသည်။
နမ့်စန်မြို့ ရွှေငါးကန်ဟိုတယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ငလျင်ဘေးအန္တရာယ်အသိပညာပေး၍ ဇာတ်တိုက်သရုပ်ပြ
Jul 17,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သော ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ထင်းရှူးမြိုင်ကျေးရွာရှိ ရွှေငါးကန် ဟိုတယ်တွင် ဆောင်ရွက် ခဲ့သည်။
အမရပူရမြို့နယ်၊ မြစ်ငယ်ကုန်းတွင်းဆိပ်ကမ်း(DRY PORT)၌ MANDALAY COMMERCIAL COMPLEX လုပ်ငန်းစဥ် အကောင်အထည်ဖော်မှုတွန်းအားပေးခြင်း အခမ်းအနားကျင်းပ
Jul 17,2026
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး(မန္တလေး)နှင့် Resources Group Logistics Company Limited (RGL)တို့ ပူးပေါင်းကျင်းပသော MANDALAY COMMERCIAL COMPLEX လုပ်ငန်းစဥ် အကောင်အထည်ဖော်မှုတွန်းအားပေးခြင်းအခမ်းအနားကို အမရပူရ မြို့နယ်၊ မြစ်ငယ်ကုန်းတွင်းဆိပ်ကမ်း(DRY PORT)၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
နောင်ချိုမြို့နယ် အ.ထ.က-၁ တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ‌ပေးဟောပြောပွဲ ကျင်းပ
Jul 17,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ‌ပေးဟောပြောပွဲကို ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၁ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ စားအုန်းဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်
Jul 17,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စားအုန်းဆီအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက် (၄)ခု၌ ဆောင်ရွက်ခဲ့သည်။
ကြို့ပင်ကောက်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲကျင်းပ
Jul 17,2026
ပဲခူတိုင်း‌ဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် အလယ်တန်းကျောင်းတို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jul 17,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။