သတင်းများ

နတ်တလင်းမြို့နယ်၌ ကွမ်းယာဆေးလိပ်ဆေးရွက်ကြီးနှင့် အရက်သေစာ သောက်စားမှုလျော့ချရေး အသိပညာပေးဟောပြောပွဲကျင်းပ
Sep 15,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ စက်တင်ဘာ ၁၄ ရက်နေ့က ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အ.ထ.က (ကရင်ကုန်း)ကျောင်းနှင့် ချဥ်ယုတ်ကွင်းကျေးရွာတို့၌ ကွမ်းယာဆေးလိပ်ဆေးရွက်ကြီးနှင့် အရက်သေစာသောက်စားမှုလျော့ချရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် မူးယစ်အန္တရာယ်အကြောင်း အသိပညာပေး ဟောပြော
Sep 15,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် မူးယစ်အန္တရာယ်အကြောင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရွှေပြည်သာမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာ ပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ဆက်လက်ဆောင်ရွက်
Sep 15,2025
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ်တွင်  မဲဆန္ဒရှင်ပြည်သူများ   မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြု၍ ဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်၍ မဲပေးစက်ဆိုင်ရာ  အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆက်လက်ဆောင် ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉  နာရီမှမွန်းလွဲ ၃ နာရီအထိ အုပ်ဖိုကျေးရွာ၊ ကျောင်းကုန်းကျေး ရွာနှင့် လှော်ကားကျေးရွာတို့ရှိ သတ်မှတ်နေရာ  (၅)ခု၌ ဆောင်ရွက်ခဲ့ကြသည်။
ပုဇွန်တောင်စျေးနှင့် ရေကျော်ဈေးများတွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Sep 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက်(၁၀)နာရီက ပုဇွန်တောင်ဈေး၌လည်းကောင်း နေ့လယ်(၁)နာရီက ရေကျော်ဈေး၌လည်းကောင်း ကျင်းပခဲ့ကြသည်။
(၂၀၂၅)ခုနှစ်၊ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Sep 15,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌမှ ကြီးမှူး၍ ခရိုင်အတွင်းဘောလုံးအားကစား တိုးတက်မြင့်မားလာစေရန်၊ အရည်အသွေးကောင်းမွန်ပြီး လေ့ကျင့်မှုပြည့်ဝကာ ပြိုင်ပွဲအတွေ့အကြုံများ၊ နည်းစနစ်ကောင်းများနှင့် ပြည့်စုံ၍ ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ ဒေသတွင်းမှ ပြည်သူများ ဘောလုံးအားကစားကို စိတ်ပါဝင်စားသူ များပြားလာစေရန်ရည်ရွယ်ကာ (၂၀၂၅)ခုနှစ် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် ​အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား တောင်ငူခရိုင် (၅)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ခရိုင်အားကစားကွင်းအတွင်း၌ စက်တင်ဘာ ၁၁ ရက်နေ့မှ စတင်၍ အုပ်စုပွဲစဥ်များ၊ အကြိုဗိုလ်လုပွဲစဥ်များ ယှဥ်ပြိုင်ခဲ့ပြီး စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဗိုလ်လုပွဲ ယှဥ်ပြိုင်ကစားသည်။
လှည်းကူးမြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Sep 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric စာရင်းကောက်ယူခြင်းတို့ကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ကျွန်းကလေးကျေးရွာအုပ်စု၊ ကပျဥ်ရိုးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ထင်းရှူးပင်များ ကာကွယ်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
Sep 15,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သစ်တောသစ်ပင်များ ကာကွယ်ထိန်းသိမ်းရေး၊ ဂေဟစနစ်ပျက်စီးမှုမဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေ၍ ရာသီဥတုမျှတရေးတို့အတွက် ပြည်သူလူထုများ သိရှိနိုင်စေရန် အသိပညာပေးလက်ကမ်းစာစောင်အား ယမန်နေ့မွန်းလွဲပိုင်းက ဝိန်းလောင်းဈေး၌ မြို့နယ်သစ်တောဦးစီးဌာနမှ ဖြန့်ဝေးပေးလျက်ရှိသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီချစ်ကြည်ရေးဖလား ရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ
Sep 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီချစ်ကြည်ရေးဖလား ရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လယ်(၃)နာရီ၌ အမှတ်(၆)ရပ်ကွက် အောင်မြေသာယာအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။