ချောင်းဆုံမြို့နယ် ကုလားတို့ကျေးရွာ၌ ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ချောင်းဆုံ      ဇူလိုင်  ၁၇

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေပေးဝေးရေးလုပ်ငန်း ဆောင်ရွက်ပေးနိုင်ရန်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးမျိုးမင်းလှိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်းနှင့် တာဝန်ရှိသူများမှ ဇူလိုင်လ (၁၅) ရက်နေ့ ညနေပိုင်းက ကုလားတို့ကျေးရွာသို့ ကွင်းဆင်းကြည့်ရှုခဲ့သည်။

မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများက ကုလားတို့ကျေးရွာ အကွက်(၆)၌ ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်မည့် ဂါလံ (၂၄၀၀)ဆံ့ ရေစင်နှင့် စက်ရုံဆောက်လုပ်မည့် မြေနေရာကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို ညိှနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောင်ရွက်ပြီးစီးပါက ကုလားတို့ကျေးရွာရှိ အိမ်ခြေ (၁၅၀)ကို ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)