ခရမ်းမြို့နယ်အတွင်း စားအုန်းဆီများ ဖြန့်ဖြူးရောင်းချနေမှုများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

ခရမ်း ဇူလိုင် ၁၇ 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်း စားသုံးသူပြည်သူများအား စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စားသုံးသူ‌‌ရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် စားအုန်းဆီဖြန့်ဖြူးခြင်း ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရမ်းမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/မရှိ၊ ခွဲဝေရရှိသည့်စာအုန်းဆီများကို ပြည်သူများထံ အပြည့်အဝရောင်းချမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခရမ်း (ပြန်/ဆက်)