ကျောက်ဆည် ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ မိုးစပါးများစိုက်ပျိုးရာ၌ တစ်ဧက ကောက်ကွက်ပြည့်မီ၍ အထွက်နှုန်းတိုးပွားရေး၊ အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးပြီးစီးရေး ယမန်နေ့နံနက်ပိုင်းက ကောက်စိုက်စက်ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဟန်မြင့်မိုရ်ကျေးရွာအုပ်စု တောင်သူ ဒေါ်နီလာအောင်၏ ကွင်းအမှတ်(၂၈၉)၊ လယ်မြေ (၃)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကောက်စိုက်စက်သည် စိုက်တန်း ၆ တန်းပါ လူထိုင်စီးကောက်စိုက်စက်ဖြစ်ပြီး တန်းကြား အကွာအဝေး ၂၃၀ မီလီမီတာ၊ ပင်ကြားအကွာအဝေး ၁၀၀ မီလီမီနှင့် ၂၀၀ မီလီမီတာ (လိုသအပ်သလို အသုံးပြုနိုင်ခြင်း)၊ တစ်ဧကကြာချိန် ၂ နာရီ နီးပါးခန့် ကြာမြင့်ပြီး ကူဘိုတာ ကောက်စိုက်စက် အမျိုးအစားဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။
စပါးသီးနှံများကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် ပင်ကြားတန်းကြားအကွာအဝေး ညီညာခြင်း၊ လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ စပါးပျိုးသက် နုနုဖြင့် စိုက်ပျိုးရခြင်းကြောင့် အပင်ပွားနှုန်းကောင်းမွန်ခြင်း၊ အထွက်နှုန်းတိုးပွားခြင်း၊ ကောက်ပင်လှန်ချိန် စောင့်ရန်မလိုခြင်း၊ စိုက်ပျိုးရာ၌လူ(၂)ဦးသာလိုအပ်ပြီး အချိန်ကုန်သက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းတာဝန်ခံ ပြောပြသည်။
သက်မောင်(ကျောက်ဆည်)