Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကျိုက်ဒုံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား/ သူ (၁၄၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jul 04,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက (အ.ထ.က)ကျိုက်ဒုံကျောင်း၌ ကျိုက်ဒုံမြို့ တိုက်နယ် ဆရာဝန်ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်တောင်သူများအား ပံ့ပိုးပစ္စည်းထောက်ပံ့ပေးအပ်ပွဲနှင့် နေကြာမျိုးစေ့ထုတ်သင်တန်းဖွင့်လှစ်
Jul 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ဒေသအတွင်းနေကြာမျိုးစေ့ ဖူလုံပိုလျှံစေရေးအတွက်ရည်ရွယ်ပြီး စိုက်ပျိုးထားသည့် မိုးနေကြာမျိုးစေ့ထုတ် တောင်သူများအား ပံ့ပိုးပစ္စည်းထောက်ပံ့ပေးအပ်ပွဲနှင့် နေကြာမျိုးစေ့ထုတ် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂၀၂၂ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်
Jul 04,2022
၂၀၂၂ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည် နယ်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ဇနီးဒေါ်စန်းစန်းလွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ခရိုင်ကျေးလက်ဦးစီးမှူးနှင့်အဖွဲ့ဝင်များ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jul 04,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးဟန်မြင့်ထွန်းနှင့်အဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့်
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း အမျိုးသမီးအပ်ချုပ်စက်(၂)လသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လောင်းလုံးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများအား မိသားစုတစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေပြီး ကူညီပံ့ပိုးပေးနိုင်သော အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က လောင်းလုံးမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ခန်းမ၌ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း အမျိုးသမီးအပ်ချုပ်စက်(၂)လ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်
Jul 04,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် “ဂုဏ်ရည်မြင့်မားမြန်မာမိန်းမသား” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose(Covid Shield) အားရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
Jul 04,2022
မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Siopharm (sinovac) ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose(Covid Shield) ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးကို မိုင်းခတ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ (OSS) ရုံးတွင် ဇူလိုင် ၁ ရက်နေ့ကစတင်၍ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့နယ်တွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jul 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16988
Page
16989
Page
16990
Page
16991
Current page
16992
Page
16993
Page
16994
Page
16995
Page
16996
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department