မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose(Covid Shield) အားရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ

မိုင်းခတ် ဇူလိုင် ၄

မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Siopharm (sinovac) ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose(Covid Shield) ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးကို မိုင်းခတ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ (OSS) ရုံးတွင် ဇူလိုင် ၁ ရက်နေ့ကစတင်၍ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်တွင်  First Dose၊  Second Dose  ထိုးနှံပြီးသူများအား Booster Dose(Covid Shield) ကာကွယ်ဆေးကို ရာနှုန်းပြည့်ပြီးစီးရေး ကွင်းဆင်း ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး မိုင်းခတ်မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose(Covid Shield)ကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံပေးလျက်ကြောင်း သိရသည်။