သတင်းများ

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်မန်စပ်ကျေးရွာတွင် အရိပ်ရသစ်ပင်များစိုက်ပျိုး
Jul 05,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် စီမံချက်တို့ပူးပေါင်းပြီး အနာဂတ်အတွက် သောက်သုံးရေစီမံချက်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ဟူးခင်ကျေးရွာအုပ်စု မန်စပ်ကျေးရွာစာသင်ကျောင်းတို့တွင် စိုက်ပျိုးပေးခဲ့သည်။
အ-ထ-က(ရွှေသောင်ယံ)တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Jul 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထက(ရွှေသောင်ယံ)တွင် ယမန်နေ့ နံနက် (၉)နာရီအချိန်က အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူ (၃၂၇)ဦးကို ဒုတိယအကြိမ်ကို ကိုဗစ်-၁၉ ရောဂါကာကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ချောင်းသာ၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jul 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ​ချောင်းသာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ​​ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် (၉)နာရီက အမှတ်(၈) အခြေခံပညာ မူလတန်းကျောင်း တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jul 05,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကူးစက်ပြန့်ပွားမှုကို  ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာ​ပေး နှိုးဆော်ခြင်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
ဟင်္သာတမြို့နယ်တွင် (GIS)နည်းပညာဖြင့် ရပ်ကွက်/ကျေးရွာတည်နေရာပြ (Point)စတင် ကောက်ယူ
Jul 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများ က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီး (GIS) နည်းပညာဖြင့် တည်နေရာ (Point) စတင် ကောက်ယူ ခဲ့ကြသည်။
မြစ်ကြီးနားမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်၊ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်
Jul 05,2022
ကချင်ပြည်နယ် အမျိုးသမီးကော်မတီကကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများအနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ ပေါင်းစုညီညာ အမျိုးသမီးရေးရာ သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ် ချောင်းမငယ်ဆည်ရေသောက် စနစ်အတွင်း ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေး ရှေ့ပြေးဧရိယာစီမံကိန်း ဆောင်ရွက်မည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jul 05,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၁၀) နာရီခွဲက လယ်ဝေးမြို့နယ် ဗောဓိကုန်းကျေးရွာအနီးရှိ တောင်သူပညာပေး ရှင်းလင်းဆောင်သို့ရောက်ရှိပြီး ချောင်းမငယ်ဆည်ရေသောက်စနစ်အတွင်း ဆည်ရေပေးဝေမှုတိုးတက်ခေတ်မီရေး ရှေ့ပြေးစီမံကိန်းဆောင်ရွက်မည့် အခြေခံလုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။
မြစ်ကြီးနားမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Jul 05,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက် အာဇာနည်နေ့အခမ်းအနားကို အများပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပပြုလုပ်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။