တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးအတွင်း Mask Campaign ပြုလုပ်
Jul 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့် နန္ဒဝန်ဈေးအတွင်း ယနေ့ နံနက် (၈:၃၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ ဈေးရောင်းချသူများ၊ ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ Mask Campaign ပြုလုပ်ကြောင်း သိရသည်။