သတင်းများ

လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jul 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ပြည်သူ့ဆေးရုံကြီး၊မြို့တော်ခန်းမ၊ စိတ္တသုခဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ သာသနဟိတကာရီသီလရှင်စာသင်တိုက် စသည့်ကာကွယ်ဆေးထိုးစုရပ်နေရာများတွင် ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
လှိုင်းဘွဲမြို့(က)ရပ်ကွက်တွင် လမ်းဘေးနံရံပျက်ဆီးမှု မရှိစေရန်အတွက် လမ်းဘေးနံရံနှစ်ဖက် ကျောက်ကြီးစီပြုလုပ်ခြင်းလုပ် ငန်းဆောင်ရွက်
Jul 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေး၊ ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့(က)ရပ်ကွက်တွင် လမ်းများပျက်ဆီးခြင်းမရှိစေရန်အတွက် လမ်းဘေးနံရံနှစ်ဖက်ကျောက်ကြီးစီပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jul 05,2022
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ဝဲကြီးကျေးရွာအုပ်စု၊ သဲရိုးကျေးရွာ(၁)သို့ ဒေသဖွံ့ဖြိုးရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ တစ်ပိုင်တစ်နိုင် ရခိုင်ငှက်ပျောစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း
Jul 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူအများစု၏ နေအိမ်ခြံဝင်းတွင် တစ်ပိုင်တစ်နိုင် ရခိုင်ငှက်ပျောစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေရရှိသောကြောင့် အဆင်ပြေလျက်ရှိကြောင်း ငှက်ပျောစိုက်ဒေသနေပြည်သူများထံမှ သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ပညာရေးမှူးရုံးတွင် ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားပြုလုပ
Jul 05,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ မြို့နယ်ပညာရေးမှူးရုံးတွင် ဝန်ထမ်းများစုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်
Jul 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းအား ယနေ့နံနက် ၈ နာရီအချိန်ခန့်ကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်
စမ်းချောင်းမြို့နယ်၌ သွေးလွန်တုပ်​ကွေးကြိုတင်ကာကွယ်​ရေးအတွက် ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်းလုပ်ငန်းများ​ဆောင်ရွက်
Jul 05,2022
ပြည်သူများ ခြင်မှတဆင့်ကူးစက်တတ်​သော ​သွေးလွန်တုက်​ကွေး​ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်း(တောင်)၊ ကျွန်းတော(တောင်)၊ စမ်းချောင်း(တောင်) ရပ်ကွက်များတွင် ယ​မန်နေ့ နံနက် ၁၀ နာရီက ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်း လုပ်ငန်းများ​ကို ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။
ရမည်းသင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ
Jul 05,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ်(၅) မြို့မအခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။