သတင်းများ

တောင်ငူ နည်းပညာတက္ကသိုလ်၌ မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပ
Jul 06,2022
တက္ကသိုလ်ပရဝုဏ် စိမ်းလန်းစိုပြေစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း ကျင်းပသည်။
ကျိုက်လတ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး  အသိပညာပေးဟောပြော
Jul 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊  အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း၊ မြစန္ဒီခန်းမတွင် ယမန်နေ့နေ့လယ်  (၁) နာရီက ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် အခြေခံပညာကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအ​ကြိမ်ထိုးနှံ
Jul 06,2022
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက နတ်တလင်းမြို့၊ မြို့မရပ်ကွက်၊ မြို့မအထကကျောင်းမှ ကျောင်းသား/သူ(၂၃၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် မိုးနှမ်းများနှုတ်သိမ်းနေပြီဖြစ်ရာအထွက်နှုန်းကောင်းသောကြောင့် နှမ်းစိုက်ပျိုးတောင်သူများအဆင်ပြေ
Jul 06,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မိုးကြိုကြဲနှမ်းစိုက်ပျိုးတောင်သူများနှုတ် သိမ်းနေပြီဖြစ်ရာ မိုးရွာသွန်မှုကောင်းပြီး အပင်အဖြစ်သန်ခြင်းကြောင့် နှမ်းစိုက်ပျိုးတောင်သူများနှမ်းများ လုံးပြည့်သီးကာ နှုတ်သိမ်းချိန် မိုးနှမ်းအထွက်နှုန်းကောင်းမွန်ကြောင်း တောင်ရှေ့ကျေးရွာ  မိုးနှမ်းစိုက်ပျိုးတောင်သူ ဦးစိုးဝင်းကပြောကြားသည်။
ကော့သောင်းမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ဆက်လက်ထိုးနှံပေး
Jul 06,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် မြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ်ဖြစ်သည့် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် စစ်မှုထမ်းဟောင်းများအား ထောက်ပံ့ငွေပေးအပ်
Jul 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၁/၂၀၂၂ ခုနှစ် အသက်(၇၅)နှစ်နှင့်အထက်ရှိ စစ်မှုထမ်းဟောင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံက်ပိုင်းက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးသူငယ် အခွင့်အရေး ကိုယ်တိုင်သိရှိ နားလည်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 06,2022
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ရတနာမော်ကွန်းခန်းမတွင် ယမန်နေ့က တိုင်းဒေသကြီး လူမှုဝန် ထမ်းဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် တိရစ္ဆာန်မွေးမြူရေးအကြာင်းအသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ
Jul 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်တိရစ္ဆာန်မွေးမြူရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို ယမန်နေ့မွန်းလွဲ(၃)နာရီကမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။