ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးသူငယ် အခွင့်အရေး ကိုယ်တိုင်သိရှိ နားလည်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဇူလိုင် ၆

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ရတနာမော်ကွန်းခန်းမတွင် ယမန်နေ့က တိုင်းဒေသကြီး လူမှုဝန် ထမ်းဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းက ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးတင်အောင်ချိုမှ ကလေးသူငယ်အခွင့်‌အရေး ကိုယ်တိုင်သိရှိ နားလည်ရေး၊ မူးယစ်အန္တရာယ် လူ့ရန်စွယ်၊ လူကုန်ကူးခြင်း ကင်းဝေးဖို့ အားလုံးဝန်းဝိုင်း ပူးပေါင်းစို့၊ မိုင်းအန္တရာယ် အသိပညာပေးခြင်း စသည့် ခေါင်းစဉ်ပါ အကြောင်းအရာများအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း (ပြန်/ဆက်)