နတ်တလင်းမြို့နယ်တွင် အခြေခံပညာကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအ​ကြိမ်ထိုးနှံ

နတ်တလင်း ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက နတ်တလင်းမြို့၊ မြို့မရပ်ကွက်၊ မြို့မအထကကျောင်းမှ ကျောင်းသား/သူ(၂၃၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက်အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/သူ ကလေးငယ်များအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ အခြေခံပညာကျောင်းများတွင် သတ်မှတ်စုရပ်များအလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဝေယံဖြိုး