သတင်းများ

ကျောက်တန်းမြို့နယ်တွင် ဂန္ဓမာပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jul 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပါဒကြီးစံပြကျေးရွာတွင် ဂန္ဓာမာပန်းများ အောင်မြင်ဖြစ်ထွန်းပြီး နှုတ်ယူရောင်းချရသောကြောင့် မိသားစုနေ့စဉ် ပုံမှန်ဝင်ငွေများရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မံစီမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Jul 06,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာမူလတန်းကျောင်း(မောရဝတီ)၌ ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းကျောင်း (မောရဝတီ)၊ အခြေခံပညာ မူလတန်းကျောင်း(မန်ဖွ)နှင့် အခြေခံပညာမူလတန်းကျောင်း(မဒန်ယန်)တို့မှ  အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံဆောင် ရွက်ပေးခဲ့သည်။
အင်းစိန်မြို့နယ်၌ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Jul 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်၊ စာပေကို လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်နှင့် စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်ရည်ရွယ်၍
ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်‌ကျွေး
Jul 06,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
သဒ္ဓမ္မပါလ ပညာဒါန ပရဟိတဖောင်ဒေးရှင်းမှ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး လူမှုရေးရာ ကိစ္စရပ်များအား ကူညီဆောင်ရွက်
Jul 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သဒ္ဓမ္မပါလ ဇောတိကာရုံကျောင်းတိုက်တွင် တည်ထောင်ဖွင့်လှစ်ထားသည့် သဒ္ဓမ္မပါလ ပညာဒါန ပရဟိတဖောင်ဒေးရှင်းသည် (၂၀၀၈)ခုနှစ် ဩဂုတ် (၂၈)ရက်နေ့တွင် သဒ္ဓမ္မပါလ ဇောတိကာရုံကျောင်းတိုက်ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ ပရဟိတစိတ်ဓာတ် အရင်းခံကြသည့် လူကြီး၊ လူငယ်များ၊ ဆရာ/မများနှင့် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး “ပညာဖြန့်ဝေ ဂုဏ်တင့်စေလှ သဒ္ဓမ္မပါလ ပရဟိတ” ဟူသော ၎င်းတို့၏ ဆောင်ပုဒ်နှင့်အညီ နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်းတို့တွင် ပညာသင်ကြားရန် ခက်ခဲနေသော ကျောင်းသား/သူများအား အဓိကရည်ရွယ်၍ နှစ်စဉ် အခမဲ့ပညာသင်ကြားပေးခြင်း၊ ကျန်းမာရေး၊ လူမှုရေး လိုအပ်ချက် ရှိနေသူများအတွက် လူမျိုးဘာသာ မခွဲခြားဘဲ တတ်စွမ်းသမျှ ထောက်ပံ့ကူညီ လှူဒါန်းလျက်ရှိသည်။
တပ်ကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Jul 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေး
၀န်ကြီးချုပ်ဖလား (ခရိုင်ပေါင်းစုံ အသက် ၂၅ နှစ် အောက်) အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ
Jul 06,2022
မန္တ‌‌လေးတိုင်းဒေသကြီး၊ မန္တ‌လေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၆၈x၇၃ လမ်းကြားရှိ မန္တလာသီရိဘောလုံးကွင်းအတွင်း Multipurpose အားကစားရုံတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက်) အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့‌သည်။
ရွှေတောင်မြို့နယ်တွင် အသက် (၅)နှစ်မှ (၁၂) နှစ်အတွင်း ရှိအခြေခံပညာ ကျောင်းသား / ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Jul 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အသက် (၅) နှစ်မှ (၁၂)နှစ် အတွင်း ရှိ အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို သရက်တောအထက (ခွဲ)ကျောင်းတွင် ယနေ့ နံနက် ၉ နာရီက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။