ပန်းတောင်းမြို့နယ်တွင် စစ်မှုထမ်းဟောင်းများအား ထောက်ပံ့ငွေပေးအပ်

ပန်းတောင်း ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၁/၂၀၂၂ ခုနှစ် အသက်(၇၅)နှစ်နှင့်အထက်ရှိ စစ်မှုထမ်းဟောင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံက်ပိုင်းက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီးမြင့်အောင် (ငြိမ်း)မှ အဖွင့်အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း(ဗဟို)နှင့် မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့တို့မှ အသက် (၇၅) နှစ်အထက် စစ်မှုထမ်းဟောင်း (၂၇) ဦးတို့အား တစ်ဦးလျှင် (၅၅၀၀ဝ)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ သား၊ သမီးများတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ပညာသင်ကြားလျက်ရှိသော တတိယနှစ် ကျောင်းသား၊ ကျောင်းသူ (၃)ဦး တို့အား တစ်ဦးလျင် (၁၀၀၀၀ဝ) ကျပ်နှုန်းဖြင့်​ ပေးအပ်ချီးမြှင့်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရိုးရိုးအောင်းနှင့်ဂုဏ်ထူးဖြင့် အောင်မြင်သူများကိုလည်း ဆုငွေများ ဆက်လက်ထောက်ပံ့ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)