သာစည်မြို့နယ်တွင် ကျောင်းသား / သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Jul 06,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ တက်ရာက်ပညာသင်ကြားနေကြသည့် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ် မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ်အဖြစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ဆေးထိုးနှံရေးအဖွဲ့များက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။