အဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးသန့်ပွားမျိုးစေ့ (RS)မိုးစပါးစတင်စိုက်ပျိုး
Jul 11,2022
ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်မှုကို သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၃)၊ ဦးပိုင်အမှတ်(၈)တောင်သူ ဦးလုံးစိုင်းမောင်၏ လယ်မြေ၌ ယနေ့နံနက်ပိုင်းက ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးစေ့အဆင့် မျိုးသန့်ပွား မျိုးစေ့(RS) မှော်ဘီကောက်ညှင်းမွေး မိုးစပါးစတင်စိုက်ပျိုးကြောင်း သိရသည်။