မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်​ရောက်

မော်လမြိုင် ဩဂုတ် ၃၁

မော်လမြိုင်မြို့တွင် မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၂) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်​နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်သည် တန်ခိုးကြီးဘုရား​စေတီများ၊ ရှေးဟောင်းယဉ်​ကျေးမှုအ​မွေအနှစ် အ​ဆောက်အဦများနှင့် အပန်း​​ဖြေနေရာများစွာရှိပြီး နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ လာ​ရောက်လည်ပတ်မှု များစွာရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါ​ကြောင်း၊ ကိုဗစ် ၁၉ ရောဂါကြောင့် ကျဆင်းခဲ့သည့် လုပ်ငန်းများအား ပြန်လည်ကုစားနိုင်ရေးအတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးသည် တစ်ခု အပါအဝင်ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွား ကဏ္ဍ ပြန်လည်ဦးမော့စေရေး မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ ခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများအားလုံးတွင် ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာနှင့် စိတ်ချမ်းမြေ့စွာ တည်းခိုနေထိုင်နိုင်​ရေးနှင့် လုပ်ငန်းလိုင်စင်များကို ကြန့်ကြာမှု မရှိစေ​ရေး ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူး​ပေါင်း​ဆောင်ရွက်ကြရန်လိုအပ်​ကြောင်း ​ပြောကြားခဲ့သည်​။

ထိုနောက် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များမှ ​ဒေသတွင်းခရီးသွားများ ဝင်​ရောက်မှု၊ လုပ်ငန်းလိုင်စင်များ ​ဆောင်ရွက်​ပေးမှု၊ ကျန်းမာ​ရေး​​စောင့်​ရှောက်​ပေးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေး ​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများအား ရှင်းလင်းတင်ပြခဲ့မှုအ​ပေါ် ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်​ဆွေး​နွေး အကြံပြုတင်ပြ၍ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ် ညှိနှိုင်း​​ ဆောင်ရွက်​ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်