လှိုင်းဘွဲမြို့နယ်တွင်  လူမှုဝန်ထမ်းဦးစီးဌာနမှ Gender/CEDAW/NSPAW နှင့် UNSCR 1325 သင်တန်းဖွင့်လှစ်

လှိုင်းဘွဲ    ဩဂုတ်  ၃၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျား၊မရေးရာကဏ္ဍများ (Gender)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း (CEDAW)၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW)နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅(UNSCR 1325)ဆိုင်ရာ အချက်များကို မြို့နယ်အတွင်းရှိ ပြည်သူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများအနေဖြင့် သိရှိနိုင်စေရန်အတွက် အဆိုပါသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ် အုပ်ချုပ်ရေးမှူး ၊မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် မိမိတို့မြို့နယ်အတွင်းရှိ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တည်ငြိမ်းအေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းနှင်အတူ ဆောင်ရွက်ကြရန်၊ ထို့နည်းတူ မိမိတို့ ပြည်သူများအနေဖြင့် လူ့အခွင့်အရေး၊ တန်တူအခွင့်အရေးရှိခြင်း၊ ကျား၊ မရေးရာ ခွဲခြားမှု မရှိဘဲ တန်းတူအခွင့်အရေးရှိခြင်း၊ တရားမျှတသော၊ ငြိမ်းချမ်းသော လူဘောင်အဖွဲ့ အစည်းဖြင့် ဖန်တီတည်ဆောက်ရန် အရေးကြီးကြောင်း အဖွင့်အမှာစကားပြောကြားပြီး ကရင် ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးငြိမ်းချမ်းအေးက လူ့အခွင့်အရေးနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးစီးမှူး ဒေါ်မိုးဝါက Gender/CEDAW/ NSPAW နှင့် UNSCR 1325 ဆုံးဖြတ်ချက် အကြောင်းအရာများအား Power Point Presentation ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါအကြောင်းအရာများနှင့်ပတ်သက်၍ မြို့နယ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဌာဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်များက အသီး သီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)