မြောက်ဦးမြို့၌ စာဖတ်ရှိန်မြင့်တင်ရေး Mobile Library စနစ်ဖြင့် စာဖတ်ပရိတ်သတ်များရှိရာသို့ စာအုပ်စာစောင်များ ငှားရမ်းပေး

မြောက်ဦး ဩဂုတ် ၃၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန် ထမ်းများမှ ပြည်သူများအနေဖြင့် အသိပညာ၊ ဗဟုသုတတိုးပွားလာစေရန်၊ စာပေလေ့လာဖတ် ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားလာစေရေးအတွက် စာဖတ်ချိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အောင်တပ်ရပ်ကွက် မင်္ဂလာအောင်စေတီ တိုက်ပွဲရှောင်စခန်းသို့ သွားရောက်ပြီး စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ဌားရမ်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်းနှင့် ဝန်ထမ်းများက တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအား စာအုပ်၊ စာစောင်များ အခမဲ့ ဌားရမ်းပေးလျက်ရှိသည်။ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များအတွက် အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတဖြစ်ဖွယ် သုတ၊ ရသစာအုပ်အသစ်များ၊ ယခုလ အသစ်ရောက်ရှိသော မဂ္ဂဇင်းနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများရရှိစေမည့် စာအုပ်စာစောင်များအား ရက်သတ္တပတ်အကြာ ငှားရမ်းပေးသည့်စနစ်ဖြင့်  ဝန်ထမ်းများက  အပတ်စဉ်ရွှေလျားစာကြည့်တိုက်ဖြင့် သွားရောက် ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)