သတင်းများ

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း လွယ်ဂျယ်မြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ
Jul 10,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းသည်     ဗန်းမော်ခရိုင်၊    လွယ်ဂျယ်မြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီက မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နမ္မတူတွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀-၂၀၂၁ခု၊နှင့် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးကျင်းပပြုလုပ်
Jul 10,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်သမဝါယမ အသင်းစုလီမိတက်၏ ၂၀၂၀-၂၀၂၁ခု၊နှင့် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အဆိုပါအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဟင်္သာတမြို့နယ်ရှိ ပြိုင်ပွဲဝင်များ ပဏာမအစမ်းလေ့ကျင့်
Jul 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမူ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင်  ပါဝင်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲကို ပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲဝင်များ တစ်လတာ စခန်းသွင်းလေ့ကျင့်ပြီးစီးမှု အခမ်းအနားနှင့် ပြိုင်ပွဲဝင်အစမ်းလေ့ကျင့်မှုကို ဟင်္သာတမြို့ရှိ မြို့တော်ခန်းမအတွင်း ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်
Jul 10,2022
တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ကထားဝယ်မြို့၊ ဇဟာကျေးရွာရှိ တောင်သူဦးအောင်နေစိုး၏ မိုးစပါးစိုက်ခင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ်၌ ဒေသအတွင်း ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီဖူလုံမှုရရှိစေရေး မိုးသီးနှံနေကြာ သီးထပ်စိုက်ပျိုး
Jul 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဒေသအတွင်း ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီဖူလုံမှုရရှိစေရန်နှင့် တောင်သူများဝင်ငွေ ပိုမိုတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာနည်းပညာများအား အသိပညာပေးပြီး လက်တွေ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီက ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးသီးနှံနေကြာ သီးထပ်စိုက်ပျိုးခြင်းကို မော်ဟွေ့ကျေးရွာရှိ တောင်သူ ဦးစိုင်းအောင် ယာမြေကွင်းအမှတ် (၈)၌ ကွင်းဆင်းစိုက်ပျိုးပေးခဲ့သည်။
အောင်မြေသာစံမြို့နယ်တွင် ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးကာ စုပေါင်းသန့်ရှင်းရေးပြုလုပ်
Jul 10,2022
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၄လမ်း၊ ၆၃× ၆၄လမ်းကြားရှိ အမှတ် (၁၇) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၇)နာရီက ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်းနှင့် စုပေါင်းသန့်ရှင်းရေး အခမ်းအနားကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးတင်ရွှေ(ပညာ)၊ မန္တလေး ခရိုင်ပညာရေးမှူး ဒေါက်တာသက်လှစု၊ မြို့နယ်ပညာရေးမှူးဒေါက်တာ စမ်းပပကျော်၊ ဒုတိယပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်  ကမော့ကချူးကျေးရွာရှိ သဖန်းချောင်းအတွင်း ငါးရစ်ငါးသန်ကာ ငါးဖမ်းဆီးမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး
Jul 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကမော့ကချူးကျေးရွာတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ  ငါးရစ်ငါးသန်ကာလအတွင်း ငါးဖမ်းဆီးမှု မရှိစေရေးနှင့် တရားမဝင် ငါးဖမ်းဆီးမှု မရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက   ကမော့ကချူးကျေးရွာ သဖန်းချောင်းအတွင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
လှိုင်းဘွဲမြို့နယ် ပန်းတိမ်ကုန်းကျေးရွာတွင် ခရုစုပေါင်းကောက်ယူနှိမ်နှင်းပွဲ ကျင်းပ
Jul 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာအုပ်စု ပန်းတိမ်ကုန်းကျေးရွာတွင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်တောင်သူများက စုပေါင်း၍