မြောင်းမြမြို့ အ.ထ.က(၅)ကျောင်း၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

မြောင်းမြ သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် လူကုန်ကူးမှုအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မြောင်းမြမြို့ အ.ထ.က(၅)ကျောင်းတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် အမှတ်(၇) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စု (ပုသိမ်)မှ ရဲအုပ်အောင်မျိုးသန့်က လူကုန်ကူးမှုဖြစ်စဉ်များနှင့် လူကုန်ကူးမှုမဖြစ်ပွားစေရန် သတိပြုရမည့် အချက်များ၊  ရှောင်ရှားရမည့်  အချက်များကို  ဟောပြောခဲ့သည်။  ဆက်လက်ပြီး       အမှတ်(၈၁) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုတိယရဲမှူး ညီညီအောင်က ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးဟောပြောပြီး တပ်ကြပ်ကြီး ဇော်ဝင်းထွန်းက ယာဉ်လမ်းအချက်ပြပုံ များကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။      

မြောင်းမြခရိုင်(ပြန်/ဆက်)