သတင်းများ

ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာ၌ သောက်သုံးရေဖူလုံစွာရရှိရေး ရေစက်ရုံနှင့် စင်မြင့်ရေစင် ဆောက်လုပ်ပေး
Jul 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်များအား ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဥယျာဉ်ကျေးရွာ၌ သောက်သုံးရေ ဖူလုံစွာရရှိရေး ရေစက်ရုံနှင့် စင်မြင့်ရေစင်တစ်ခု ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်မှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရှုံးသူများနှင့် ကျောင်းမတက်ရောက်နိုင်သည့် ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေး
Jul 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ ညနေ ၃ နာရီအချိန်က ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရှုံးသူများနှင့် ကျောင်းမတက်ရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့်တွေ့ဆုံ၍ ကျောင်းအမြန်အပ်နှံနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Jul 09,2022
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြူဗဟိုဌာနတွင် စာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်း Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးသူ ဒေါက်တာ (သိန်းလွင်)၏ ”ကလေးတွေကျောင်းမှာ အောင်မြင်ဖို့ နည်းလမ်းများစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ နည်းပညာတက္ကသိုလ်(ပုသိမ်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားနှင့် Contract Farming စနစ်ဖြင့် အကျိုးတူနေကြာစိုက်ပျိုးခြင်း၊ စားသုံးဆီထုတ်လုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်
Jul 09,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်‌ရာများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(ပုသိမ်) သို့သွားရောက်၍ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် မျက်စိအခမဲ့စစ်ဆေးပေးပြီး မျက်မှန်အခမဲ့လှူဒါန်း
Jul 09,2022
ကျိုက်ထိုမြိုနယ်တွင် ပြည်နယ်ပြည့်သူ့ကျန်းမားရေးဉီးစီးဌာန၏ ဦးဆောင်မှုဖြင့် မရှိ၍မလင်းသူ မရှိစေရအစီအစဉ်ဖြင့် ကျိုက်ထို မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် (၉) နာရီမှ စတင်ကာ မျက်စိဝေဒနာရှင်များကို အခမဲ့စစ်ဆေးပေးခဲ့သည်။
ကျိုင်းလပ်မြို့တွင် ရေဆင်း(၁) စပ်မျိုးနေကြာများကို စမ်းသပ်ကွက်ဖြင့် စတင်စိုက်ပျိုးထားရှိ
Jul 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ အမှတ်(၁)ရပ်ကွက်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးရှေ့၌ ရေဆင်း(၁) စပ်မျိုးနေကြာများကို စမ်းသပ်ကွက်ဖြင့် မေလ ၁၄ ရက်နေ့မှစတင်၍ စမ်းသပ်စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစိုးမင်းအောင်ထံမှ သိရသည်။
ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ခြင်းအကျိုးကျေးဇူးဆိုင်ရာ အသိပညာပေး (Talk Show)ကျင်းပ
Jul 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့၊ မွန်းလွဲပိုင်းက စာ‌ပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများနှင့် ဒို့ကျေးရွာဂျာနယ်ဖတ်ရှုသူ ပရိတ်သတ်များ၏ ဆွေးနွေးပွဲ (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။
ဟင်္သာတတက္ကသိုလ်၌ ၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jul 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ဟင်္သာတတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမဆောင်တွင် ကျင်းပခဲ့သည်။