မအူပင် ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့ အသိပညာပေး လှုပ်ရှားမှုအား ယမန်နေ့ မွန်းလွဲ (၁)နာရီက ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းအား မအူပင်မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးအောင်အောင် ဦးဆောင်မှုဖြင့် မအူပင်မြို့ ကမ်းနားလမ်းနှင့် တေဇလမ်းများတွင် အပြည်ပြည် ဆိုင်ရာ ပျောက်ဆုံးသူများနေ့ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းနှင့် အများပြည်သူများ သိရှိလိုသည် များအား ပြန်လည်ဖြေကြားပေးခြင်းများအား ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် စေတနာရှင်လုပ်အားရှင် ကျား(၈)ဦး၊ မ(၂)ဦးဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အကြောင်းအမျိုးမျိုးကြောင့် တကွဲတပြားဖြစ်သွားသည့် မိသားစုများအား လူသားချင်းစာနာ ထောက်ထားမှု လိုအပ်ချက်များအား ဖြည့်ဆည်းပေးခြင်းဖြင့် မိသားစုအဆက်အသွယ် ပြန်လည်ရရှိစေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဦးဆောင်မှုဖြင့် အသိပညာပေးနှိုးဆော်ခြင်း လှုပ်ရှားမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မအူပင်ခရိုင်(ပြန်/ဆက်)