သတင်းများ

တနင်္သာရီမြို့နယ်တွင် အသက်(၅)နှစ်နှင့်(၁၂)နှစ်အကြားရှိ ကျောင်းသူ/သားများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမ)အကြိမ်ထိုးနှံပေး
Aug 31,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အကြားရှိ ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ဆေးထိုးစုရပ်များခွဲပြီး ဇွန် လ၂ ရက်ကျောင်းဖွင့် ရက်မှစတင်၍ အစဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ကအခြေခံပညာ (၇) ကျောင်းမှ ကျောင်းသူ/သား (၈၂)ဦးအား (ပထမ)အကြိမ်အဖြစ် ကျန်းမာရေးဌာနဆရာမများက ကျောင်းများသို့ကွင်းဆင်း၍ ထိုး နှံပေးကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်အတွင်း ရပ်ကွက်များအလိုက် ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်
Aug 31,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများနှင့်အတူ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီတွင် မြို့သစ်(၁) ရပ်ကွက်၊ အောင်မြေရွှေဘုံသာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နတ်မောက်မြို့နယ်တွင် မှန်ကန်သည့်မဲဆန္ဒရှင်စာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ ထပ်မံစိစစ်နိုင်ရန် ရက်တိုသင်တန်းဖွင့်လှစ်
Aug 31,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးတို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ရှိ မှန်ကန်သည့် မဲဆန္ဒရှင်စာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ ထပ်မံစိစစ်နိုင်ရန် ရက်တိုသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ်၌ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်
Aug 31,2022
‌ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် ကျံမငေးမြို့မဈေး တို့တွင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ ဖာလာသီးဆွတ်ခူးခြင်းလုပ်ငန်းစတင်လုပ်ကိုင်
Aug 31,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ဖာလာပင်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ဖျာပုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး (TABLE TALK EXERCISE) ဆွေးနွေးပွဲပြုလုပ်
Aug 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ TABLE TALK EXERCISE ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန် က ဖျာပုံမြို့နယ် မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ပြုလုပ်သည်။
ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်
Aug 31,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင်း နယ်မြေများ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၏ အနီး ကပ်ကြီးကြပ်မှု၊ မြို့နယ်စီမံ အုပ်အုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး ဦးဆောင်သည့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြိုနယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများသည် ယမန်နေ့က သမ္မတော ကျေးရွာအုပ်စု၊ သမ္မတောကျေးရွာရှိ ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ပထမအကြိမ် ဖရဲသီးပြိုင်ပွဲကျင်းပ
Aug 31,2022
ပထမအကြိမ် ဖရဲသီးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၆ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ ပရိယတ္တိသာသနာ့ဟိတအသင်းဝင်းအတွင်း ရွှေမြင်းတန်ဆောင်းတွင် ကျင်းပသည်။