ထားဝယ် သြဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဘုန်းတော်ကြီးကျောင်းနှင့်ပရိယတ္တိစာသင်တိုက်များတွင် လိုအပ်လျက်ရှိသော လှူဖွယ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းနှင့် ပရိယတ္တိစာသင်တိုက်များသို့ ဆန်အိတ်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများသည် ထားဝယ်မြို့ပေါ်ရှိ စာသင်တိုက်ကြီးများဖြစ်သည့် ဇေယျဝတီကျောင်းတိုက်၊ ဃောသိတာရာမတိုက်သစ်ကျောင်းနှင့် ရတနာမာရ်အောင်သီလရှင် စာသင်တိုက်များသို့သွားရောက်ပြီး ဆရာတော်များထံမှဩဝါဒစကားနာ ယူပြီးလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုကကျောင်းတွင် သီတင်းသုံးနေထိုင်သည့်ဆရာတော်များနှင့် စာသင်သားများ၏ နေထိုင်စားသောက်ရေး အခြေအနေ များအားမေးမြန်းလျှောက်ထားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်ခရိုင်အတွင်းရှိ ရဟန်း/ သာမဏေ/သီလရှင် ၂၅ ပါးနှင့် အထက်ရှိသော ဘုန်းတော်ကြီးကျောင်း ၃၁ ကျောင်းနှင့်သီလရှင်ကျောင်း ၃ ကျောင်းတို့ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ၁၃၈၅ ပါး တို့အတွက် ငွေကျပ်၂၂၁ သိန်းကျော် တန်ဖိုးရှိဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်မြိတ်ခရိုင်အတွင်းရှိ ရဟန်း/သာမဏေ/သီလရှင် ၂၅ ပါးနှင့် အထက်ရှိသော ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်း နှင့် သီလရှင်ကျောင်း ၄ ကျောင်း တို့ရှိရဟန်း၊ သာမဏေ၊ သီလရှင် ၁၁၂၆ ပါးတို့အတွက် ငွေကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကော့သောင်းခရိုင်အတွင်းရှိ ရဟန်း၂၅ ပါးနှင့် အထက်ရှိသော ဘုန်းတော်ကြီးကျောင်း ၈ ကျောင်းတို့ရှိ ရဟန်း၊ သာမဏေ ၃၅၄ ပါးတို့အတွက် ငွေကျပ် ၅၆ သိန်း ကျော် တန်ဖိုးရှိ ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ဆက်ကပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)