ရသေ့​တောင်မြို့၊ မြို့မ အထက(၂)ကျောင်း၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသောဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရသေ့‌တောင် သြဂုတ် ၃၀

ရခိုင်ပြည်နယ်၊ ရသေ့​တောင်မြို့၊ မြို့မ အထက(၂)ကျောင်း၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂နာရီက၊ မြို့မ အထက(၂)ကျောင်း အစည်းအ‌ဝေးခန်းမတွင်ကျင်းပကြသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး‌ကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်မှ အဖွင့်အမှာစကား ပြောကြာရာတွင် ဗလ၅တန်ပြည်စုံရန် လိုအပ်‌ကြောင်း ဆန္ဒနှင့်ဘဝ တထပ်တည်းကျ‌‌‌အောင် ကြိုးစားရမည်ဖြစ်‌ကြောင်း၊ လမ်း‌ ကောင်း၊ လမ်းမှန်ရောက်အောင် ကြိုးစားရမည် စသဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာ‌ရေးမှူး ဦးထွန်း‌‌ရွှေမှ ပညာရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍‌ ရှင်းလင်းပြောကြားသည်။ ကျောင်းအကျိုးတော်‌ဆောင်ဥက္ကဋ္ဌ ဦးဦးသာဇံမှ ဂုဏ်ပြုပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ပြောကြားပြီး၊ အထက(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ကြည်မှ ဂုဏ်ပြုပွဲနှင့်ပတ်သက်၍ ဝမ်းမြောက်စရာစကား ပြောကြားပြီး Grade 5 ကျောင်းသား/သူများမှ ပညာရည်ထူးချွန် သီချင်းဖြင့်‌ ဖြေဖျော်ဖြေခဲ့ကြသည်။

ယင်းနောက် ဂုဏ်ထူးရ ကျောင်းသား/သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။ ဂုဏ်ထူးရှင် ကျောင်းသား/သူများကိုယ်စား ဘာသာစုံဂုဏ်ထူးရှင် မခင်ခင်ဇော်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

မြို့မအထက(၂)ကျောင်းတွင် ၆ ဘာသာ ဂုဏ်ထူးရရှိသူ(၁)ဦး၊ ၄ ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ ၃ ဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ ၂ ဘာသာဂုဏ်ထူးရရှိသူ(၅)ဦး၊ ၁ ဘာသာဂုဏ်ထူးရရှိသူ (၂၂) ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ(၂၉)ဦး တို့ကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)