သတင်းများ

ကွမ်းခြံကုန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Sep 16,2022
ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာချစ်နိုင်ရေးသားသည့် “အသက်နှစ်ဆယ်အရွယ်များသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပြုလုပ်သည်။
မြင်းခြံမြို့နယ် ဇီးပင်ကန်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေးအတွက် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Sep 16,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပူးပေါင်းပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး၊ အေးချမ်း တည်ငြိမ်ရေး နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စစ်ကြောင်းကြီး (၅) ကြောင်း ဖြင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ဇီးပင်ကန်ကျေးရွာ အခြေခံပညာကျောင်းတွင် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ကျောက်ဖြူမြို့၌ “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း‌ရေးနေ့” အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Sep 16,2022
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း ရေးနေ့အထိမ်းအမှတ် (Worid Ozone Day) အဖြစ် ယနေ့နံနက်(၈)နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့သွားရောက်ကာ အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြသည်။
ဘားအံခရိုင် Community Centre တွင် စာဖတ်ဝိုင်းပြုလုပ်
Sep 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာခင်မောင်ညို (ဘောဂဗေဒ) ရေးသားထားသော “ဒေးလ်ကာနက်ဂျီ ၏ ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉‌ ရောဂါကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်
Sep 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်မှုများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက မြို့နယ်အတွင်းရှိ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းတစ်‌လျောက် အများပြည်သူများသွားလာရာနေရာများတွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကာကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဘားအံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Sep 16,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင်  ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ အားလပ်ချိန်များတွင် ပြင်ပဗဟုသုတများ  ရှာဖွေဖတ်ရှုနိုင်ရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သုတ/ရသ စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် အ-ထ-က(ခွဲ-၂)ကျောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ တွင် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ
Sep 16,2022
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ကို ယနေ့နံနက်ပိုင်းက  လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဋ္ဌာန၌ သတင်းရေးသားနည်း ဆင့်ပွားသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Sep 16,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများ သတင်းစွမ်းဆောင်ရည် တိုးတက်လာစေရန်ရည်ရွယ်၍ သတင်းရေးသားနည်း ဆင့်ပွားသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို  ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဋ္ဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။