ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းရွာသစ် ဇန်နဝါရီ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် လူငယ်ရေးရာနှင့် ပတ်သက်သော အကြောင်းအရာများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ပြင်ပစာပေဗဟုသုတများ ရှာဖွေလေ့လာ မှတ်သားသည့် အလေ့အကျင့်များရှိစေရန်၊ စာအုပ်စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိဉာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့်မိမိလူမျိုးများကို အကျိုးပြုနိုင်မည့် လူငယ်လေးများ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက လူငယ်နှင့် ၂၁ ရာစုနည်းပညာခေါင်းစဉ်ဖြင့် ကျောင်းသား/ သူများအား အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/ သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)