ကျောက်ဆည် ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ပလိပ်၊ ကူမဲမြို့နယ်ခွဲများတွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး ယမန်နေ့က စားအုန်းဆီ (၁၅၂၇) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားအုန်းဆီများရောင်းချပေးရာတွင် ပြည်သူများအလွယ်တကူဝယ်ယူရရှိစေရန် ဆီဝယ်သည့်စာအုပ်များ အိမ်ထောင်စုတိုင်းအား ပြုလုပ်ပေးထားပြီး Resources Group Trading Co,Ltd မှ သတ်မှတ်ရည်ညွှန်းဈေးတစ်ပိဿာ ငွေ (၇၂၈၀) ကျပ်ဖြင့် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ဝယ်ယူခဲ့ပြီး မြို့နယ်/ မြို့နယ်ခွဲ ဆီအရာင်းအဝယ်ဆိုင် အသင်းဝင်များမှတဆင့် ဆီတစ်ပိဿာလျှင် ငွေ (၈၄၀၀) ကျပ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းနှင့်ကျောက်ဆည်မြို့နယ် မြင်းကဘက်၊ ချောင်းဆုံကျေးရွာများတွင် (၂၂၀)ပိဿာ၊ စဉ့်ကိုင်မြို့ မြို့မရပ်ကွက်နှင့် ကံကြီး၊ ကျွဲနဖားကျေးရွာများတွင် (၅၅၀) ပိဿာ၊ မြစ်သားမြို့ မြို့မအရှေ့ရပ်ကွက်တွင် (၂၈၇) ပိဿာ၊ ကူမဲမြို့နယ်ခွဲ ဘူတာရပ်ကွက်တွင် (၁၄၀) ပိဿာ၊ ပလိပ်မြို့နယ်ခွဲ ထန်းတော၊ ရွာသာအေး၊ ရေကင်းကုန်းကျေးရွာများတွင် (၃၃၀) ပိဿာ၊ စုစုပေါင်း (၁၅၂၇) ပိဿာ အသီးသီး ရောင်းချပေးခဲ့ကြောင်း ဆီအရောင်းဆိုင်များမှ ပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)