ဝမ်းတွင်း ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ဈေးများမီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ဦးဆောင်၍ ဝမ်းတွင်းဈေး၊ သဲတောဈေးအတွင်းရှိ ဈေးသူ၊ဈေးသားများနှင့် ပူးပေါင်းကာ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က အဆိုပါဈေးများ၌ ပြုလုပ်သည်။
သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှုး ဦးစိုးထွန်းမှ မီးလောင်မှုအကြောင်းရင်း၊ မီးလောင်မှုအမျိုးအစားများ၊ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးသတ်ဆေးဘူးစနစ်တကျ ကိုင်တွယ်အသုံးပြုနည်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆီမီးငြှိမ်းသတ်ခြင်း၊ ဂက်စ်မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြကာ ဈေးသူ၊ ဈေးသားများကိုယ်တိုင် မီးငြှိမ်းသတ်နိုင်စေရန် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မီးသတ်ဆေးဘူး စနစ်တကျကိုင်တွယ်အသုံးပြု၍ မီးငြှိမ်းသတ်စေခြင်း၊ မီးသတ်ပိုက်အသုံးပြု၍ မီးငြှိမ်းသတ်စေခြင်းလုပ်ငန်းများကို လက်တွေ့ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အမှုဆောင်အရာရှိတို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)