ချောင်းဦးမြို့ ရပ်ကွက်များရှိ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် တန်ဖိုးသင့်စားသောက်ကုန်များ  လှည့်လည်ရောင်းချပေး

ချောင်းဦး  စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်စီစဉ်မှု၊ မုံရွာခရိုင်နှင့် ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုနှင့်အတူ  ချောင်းဦးမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးကော်မတီမှ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက်  စားသောက်ကုန်များကို  အရောင်းဆိုင် ရွေ့လျားယာဉ်ဖြင့်  နေ့စဉ်ရောင်းချပေးလျက်ရှိရာ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ချောင်းဦးမြို့ မြို့သစ်ရပ်ကွက်တွင် ရောင်းချပေးခဲ့ကြရာ အဆိုပါရပ်ကွက်ရှိ ဒေသခံပြည်သူများ ဝမ်းမြောက်စွာ လာရောက်ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။

 ချောင်းဦးမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေး အဖွဲ့ အနေဖြင့် အိမ်ထောင်စု တစ်စုအတွက် ဆန်တစ်ပြည်၊ ဆီ တစ်ဆယ်သား၊ကြက်သွန်နီ အစိတ်သား၊ အာလူးအစိတ်သား ပါ ( ၄ )မျိုးအတွက် စုစုပေါင်း ကျသင့်ငွေကျပ်  ၃၀၀၀ နှုန်းဖြင့် ဒေသခံပြည်သူများ သက်သာချောင်ချိရေးနေ့စဉ် ရပ်ကွက်များအတွင်း ရောင်းချပေးခဲ့ရာ ယနေ့အထိ အိမ်‌ထောင်စုပေါင်း ၁၁၃၅ အိမ်ထောင်စုအတွက် ရောင်းချပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရပြီး ဆက်လက်၍လည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)