သရက် စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး သရက်မြို့၌ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စာပေချစ်သူများ စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့နံနက်(၁၀)နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာရေးဆရာ ဆရာနန္ဒာသိန်းဇံ၏ အသွန်သဏ္ဍာန်စာအုပ်မှ အချန်မီ မီးငြိမ်းသတ်နိုင်ခြင်း ဆောင်းပါးဖြင့် ဆွေးနွေးခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်း၍ အပတ်စဉ် စာဖတ်ဝိုင်းများ ဆောင်ရွက်ရာတွင် လူငယ်လူရွယ်များ စာရိတ္တမြင့်မားစေရေးအတွက် ဆွေးနွေးနိုင်မည့် ရသ စာပေများကို ရွေးချယ်ဆွေးနွေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများဖြင့် စာပေစကားဝိုင်းများ ဟောပြောပွဲများ ကျင်းပနိုင်ရန် စာအုပ်ကောင်းများ ရွေးချယ်၍ ဆွေးနွေးပေးကြပါရန် ပြောကြားခဲ့ပြီး Book Club (ဥက္ကဋ္ဌ) ဦးအောင်ကျော်စိုးက ပညာဉာဏ် မရှိသည့် မိုက်မဲသူများက မိမိ၏ အမြက်ဒေါသကို မထိန်းချုပ်နိင်သည့်အတွက် ကမ္ဘာ့နှင့်အဝှမ်း လောင်မြိုက်နေကြခြင်းရှိသလို မိမိတို့ တစ်ဦးချင်းစီမှာလဲ ဒေါသကြောင့် လောက်မြိုက်မှုကို အချိန်မှီတားဆီးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် စာရေးသူက ရေးဖွဲ့ထားကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ကဗျာဆရာမောင်မင်းသိမ်း(သရက်)က ဒေါသလောဘ မီးများကို မလောင်ခင် တားဆီးနိုင်စေရန် လူတိုင်း အသိ၊ သတိရှိသင့်ကြောင်း ဆွေးနွေးကာ Book Club (အဖွဲ့ဝင်) ဦးမြင့်ဆွေက ဒေါသမောဟကြောင့် သွေးတိုးဆီးချိုရောဂါများ ဖြစ်တက်သလို ပညာဉာဏ်မရှိလို့ ဒုက္ခရောက်ရသည့် သာသကများ လောကတွင် အများအပြားရှိနေကြောင်း စာရေးသူက ဖခင်အပေါ် ထားရှိသည့် မေတ္တာစိတ်ဖြင့် ကျူးလွန်အံ့ဆဲဆဲ မကောင်းမှုကို တားဆီးနိုင်သည်ကိုတွေ့ရှိရသည်။ ယင်းနောက် Book Club(အဖွဲ့ဝင်)များ ဖြစ်ကြသည့် ဦးဌေးလှိုင်၊ ဒေါ်ဖြူဖြူဟန်နှင့် ဒေါ်အေးရီ၊ ဒေါ်နုနုအေးတို့က စာရေးဆရာ ဆရာနန္ဒာသိန်းဇံ၏ အသွန်သဏ္ဍာန် စာအုပ်မှ အချိန်မီ မီးငြိမ်းသတ်န်ုင်ခြင်း ဆောင်းပါးသည် ပညာဉာဏ်ဖြင့် မမှားသင့်တာမမှာအောင် ထိန်းသိမ်းရမည်ကို ရေးဖွဲ့ထားသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်၍ လူငယ်လူရွယ်များ ဖတ်သင့်သည့် စာအုပ်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)