နမ့်ဆန် စက်တင်ဘာလ ၁၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၀-၂၀၂၁ / ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအသစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် အမှတ်-၁ အခြေခံပညာမူလတန်းကျောင်း ရုံးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိဒေါ်စိန်သန်းက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက လုပ်ငန်းဆိုင်ရာများအား ဆွေးနွေးတင်ပြခြင်း၊ ၂၀၂၀-၂၀၂၁/ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းဖတ်ကြားခြင်း၊ အသင်းစာရင်းစစ် အစီရင်ခံစာဖတ်ကြားခြင်း၊ ၂၀၂၀-၂၀၂၁/ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား အသင်းဝင်ကိုယ်စားလှယ်များထံ အတည်ပြုချက်ရယူခြင်း၊ တက်ရောက်လာသူများက ဆွေးနွေးမေးမြန်းခြင်းများ ဆောင်ရွက်သည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်သက်တမ်းအမှု ဆောင်ဒါရိုက်တာများ အမည်စာရင်းကို အသင်းသားတစ်ဦးမှ အဆိုပြုခြင်း၊ အမှုဆောင်သစ်များမှ ကတိသစ္စာခံယူခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)