ဆီဆိုင် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်အသုံးပြု သွားလာကြစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ဈေးတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးတို့ပါဝင်သော ပူးပေါင်းအဖွဲ့က ဈေးသို့လာရောက်သော ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်ကြရန် အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း(Mask) (၃၀၀၀)ခုအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)