တောင်ကြီး စက်တင်ဘာ ၁၉
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နှင့် သီးခြားတပ်ဖွဲ့များမှ ယမန်နေ့နံနက် ၇ နာရီက တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာသို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို၊ ဦးစီးအရာရှိ (ပထမတန်း)(ဦး/ရေး/ထောက်) ဒုတိယရဲမှူးကြီး ဝင်းသိန်း၊ အမှတ်(၂) မူးယစ် တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်မြင့်၊ အမှတ် (၁၄) သတင်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ဇော်မင်းဦး၊ အမှတ်(၁၅) မှုခင်းရဲတပ်ဖွဲ့စုမှူး ရဲမှူး ညွန့်ဝင်း၊ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးစည်သူ၊ အမှတ်(၁၅) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စုမှူး ရဲမှူး မျိုးဇင်၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး နေမျိုးနှင့် စဝ်စံထွန်း ဆေးရုံအုပ် ဒေါက်တာမေစန်းချို တို့ တက်ရောက်အားပေးခဲ့ကြောင်းနှင့် အရာရှိ(၅၀)ဦး၊ အခြားအဆင့်(၁၂၇)ဦး၊ စာရေးဝန်ထမ်း(၅)ဦး စုစုပေါင်း(၁၈၂)ဦးတို့က စဝ်စံထွန်းဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်းအတွင်း အမှိုက်နှင့်ပေါင်းမြက်များရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)