သဲကုန်း စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ကန်နှစ်ဆင့်ကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာရှိ တောင်သူဦးစိုးနိုင်၏ ကွင်းအမှတ်(၉၈၈)တွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက် ကြည့်ရှုခဲ့သည်။
အဆိုပါမိုးစပါး စံကွက် ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝင်းကိုနှင့် ဝန်ထမ်းများက မိုးစပါး စံကွက်(၀.၁၀) (၆၆)ပေဖြင့် တိုင်းတာ၍ စံကွက်မှရရှိသော စပါးအား အထွက်နှုန်းတွက်ချက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ကောက်ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်းနှင့် စပါးအထွက်နှုန်း ချိန်တွယ်တွက်ချက်ခဲ့ရာ ထိုင်းနှံကောက်စပါးတစ်ဧကလျှင် စပါးအစိုအထွက်နှုန်း (၁၂၁.၅၂) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး
မြို့နယ် (ပြန်/ဆက်)