ကြည့်မြင်တိုင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Sep 19,2022
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ရေးအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက် မဟာပုညောပကာရဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။