တံတားဦးမြို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့် တစ်ရွာတစ်ဧက စိုက်ခင်းရှင်သန်ဖြစ်ထွန်း
Sep 19,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားသည့် တံတားဦးမြို့နယ် စပါးတွင်းကျေးရွာအုပ်စု စည်ပင်ကွေ့ကျေးရွာ၌ စိုက်ပျိုးထားသော တစ်ရွာတစ်ဧကစိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယနေ့နံနက်ပိုင်းက မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အရိပ်ရပင်များပိုမိုရှင်သန်ရေးအတွက် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။