သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Jul 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား/သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ် ကျောင်းများသို့ကွင်းဆင်း၍ ထိုးနှံပေးခြင်းကို အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်
Jul 06,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၍ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဂွမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ ရုပ်ပုံမှတ်တမ်းဖြင့် အသိပညာပေး ဆောင်ရွက်
Jul 06,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ ရုပ်ပုံမှတ်တမ်းဖြင့် အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နေ့လည် ၁၂ နာရီခွဲအချိန်က ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Jul 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဗိုလ်တထောင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စဉ်ဆက်မပြတ်ထိုးနှံပေး
Jul 06,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံမှုရှိစေရန်နှင့် ကျန်းမာပျော်ရွင်စွာပညာသင်ကြားနိုင်ရန် ရည်ရွယ်၍
လူမှုဝန်ထမ်းဦးစီးဌာနမှ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းများကို တစ်နှစ်လျှင် (၈)ကြိမ် ဖွင့်လှစ်သင်ကြားပေး
Jul 06,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပုသိမ်မြို့ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် သက်မွေးလုပ်ငန်းပညာ သင်တန်းများကို (၁)နှစ်လျှင် (၈)ကြိမ် သင်တန်းဖွင့်လှစ်ပေးလျက်ရှိရာ ယခု (၂/၂၂-၂၃) သင်တန်းကို (၁၃.၆.၂၀၂၂) ရက်နေ့မှ (၂၂.၇.၂၀၂၂)ရက်နေ့ထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ရေးမြို့နယ် အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Jul 06,2022
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြား နေသော အသက်(၅)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ဒုတိယကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီက ရန်ကြီးအောင်ရပ်ကွက် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ရွှေတောင်ဦးတိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ကြီး (၁၇)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် (၇၄)ကြိမ်မြောက် တိပိဋကစာအောင် သံဃာဂုဏ်ပြုပူဇော်ပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး တက်ရောက်
Jul 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးတိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ကြီး (၁၇)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် (၇၄)ကြိမ်မြောက် တိပိဋကစာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရွှေတောင်ဦး တိပိဋက ဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ရှိ ဓမ္မဝိနယဓမ္မာရုံတော်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီးဒေါ်မြင့်မြင့်အောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။