မက်မန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာအုပ်စာစောင်ငှားရမ်းပေးခြင်းနှင့် နံရံကပ်စာစောင်ပြပွဲလုပ်ငန်းကို စက်တင်ဘာလ (၁၉)ရက်၊ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။