သတင်းများ

ရေးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 06,2022
မွန်ပြည်နယ်၊ ရေးမြို့နယ် မြို့နယ်ဥပဒေရုံးမှ ကျောင်းသား/သူများ ဥပဒေဘောင်အတွင်းမှ အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် သိသင့် သိထိုက်သည့် ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ရေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာ ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ လေ့ကျင့်မှုများဆောင်ရွက်
Jul 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်း အခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း များကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စတင်၍ လှေကြီးတတ်ကျေးရွာအုပ်စု၊ လှေကြီးတတ် ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(လှေကြီးတတ်)တွင် ကျောင်းသား၊ ကျောင်းသူ များက မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူ သရုပ်ပြ လေ့ကျင့်ကြသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး Talk Show ကျင်းပ
Jul 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ လူကုန်ကုးမှုတိုက်ဖျက်ရေးအသိပညာပေး Talk Show ကို လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌
မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲကျင်းပ
Jul 06,2022
မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာရပ်များအပြင် ကာယ/ဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် စတင်ကျင်းပခဲ့သည်။
ဝါးခယ်မမြို့၊ မြသီတာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မူရှိ/မရှိကွင်းဆင်း စစ်ဆေး
Jul 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ မြသီတာဈေးအတွင်းရှိ လက်လီ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များတွင် စားသုံးဆီနှင့် ကုန်ပစ္စည်းများ‌ပေါ်တွင် ကုန်အညွှန်းအမှတ် အသား ပါဝင်မှု ရှိ/မရှိနှင့် ကျန်းမာရေးနှင့် ညီညွှတ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန် တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်(ဒုတိယ)ပွဲစဉ်ယှဉ်ပြိုင်
Jul 06,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အားကစားကဏ္ဍဖွံ့ဖြိုးမှုအစီအစဉ်(TSDP)အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကို ဇွန်လ၂၁ရက်မှစ၍ မြို့မအား ကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားလျက်ရှိရာ ယမန်နေ့ညနေ၃နာရီခွဲအချိန်က ဆီမီးဖိုင်နယ်(ဒုတိယ)ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြ ကြောင်း သိရသည်။
ပုံပါကျင်မြို့၊ အမှတ်(၁၀၀၇) နယ်ခြား‌စောင့်တပ်၊ အခြေခံပညာမူလတန်း‌ကျောင်းတွင် ဟောပြောပွဲ၊ နံရံကပ်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jul 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုံပါကျင်မြို့ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးတက် စေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရှိလာစေရန်၊
ရွှေပြည်သာမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးထိုးနှံ
Jul 06,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇွန် ၂ ရက်နေ့တွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။