ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက စာဖတ်ရှိန်တိုးတက်လာစေရေး နယ်လှည့်ကွင်းဆင်း၍  သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး

ပုလော  စက်တင်ဘာ၂၀

စာဖတ်ရှိန်တိုးတက်လာစေရေးရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက မြို့နယ်ပြည်သူ့ စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့်ဝန်ထမ်းမိသားစု များကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးခဲ့ သည်။

သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကို လေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန်တိုး တက်လာစေရေးကို မျှော်တွေး၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)