မင်းလှ၌ ပန်းဇံမြောင်းရေတံခါးမှ ရရှိသောဆည်ရေဖြင့် စိုက်ပျိုးသော ဟင်းသီးဟင်းရွက် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jul 06,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပေါက်ကုန်းကျေးရွာအနီးတည် ဆောက်ထားသော ပန်းဇံမြောင်းရေထိန်းတံခါးမှ ရရှိသောမုက္ခာဆည်ရေဖြင့် စိုက်ပျိုးသောဟင်းသီးဟင်း ရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိပြီး အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ ပန်းဇံမြောင်းရေတံခါးမှ ရရှိသောမုက္ခာဆည်ရေဖြင့် ပေါက်ကုန်းအုပ်စု၊ သဲကောအုပ်စု၊ တူးမြောင်းအုပ်စုအတွင်းရှိ ဒေသခံတောင်သူများက ဘုံလုံသီး၊ ဘူးသီး၊ ပဲတောင့်ရှည်နှင့် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိသော သီးနှံများကို နေ့စဉ်သီရိမင်္ဂလာဈေးကြီးသို့ တင်ပို့ရောင်းချခဲ့ရာ အမြတ်ငွေများရရှိ လျက်ရှိသည်။