သတင်းများ

ကမမောင်းမြို့တွင်   ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေးအတွက်ဆရာ/ဆရာမများနှင့်  ကျောင်းသား၊ကျောင်းသူများအား Covid -19 RDT စစ်ဆေးမှုဆောင်ရွက်ပေး
Sep 20,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊  ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား Covid-19 RDTစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်း(၁၁)နာရီချိန်ကစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) အဖြစ် ထိုးနှံပေး
Sep 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အမျိုးသမီးများတွင် ဖြစ်ပွားတတ်သော သားအိမ်ခေါင်းကင်ဆာရောဂါမှ ကာကွယ်နိုင်စေရန်အတွက် အမှတ်(၄)ရပ်ကွက် စပ်စံထွန်းလမ်း ဓမ္မရက္ခိတဆွမ်းလောင်း ဓမ္မာရုံတွင် ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းဆရာမများက (ဒုတိယအကြိမ်)အဖြစ် အသက်(၁၁)နှစ်နှင့် (၁၂)နှစ်အကြား အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းဆောင်ရွက်
Sep 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန်မျိုးစိတ်သစ်BA.4 နှင့် BA.5 ရောဂါကာကွယ်ရေးနည်းလမ်းများ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် နှိုးဆော်ဆောင်ရွက်
Sep 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4နှင့်BA.5 ရောဂါကြိုတင်ကာကွယ် ရေး အသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများ သိရှိစေရန်အတွက် စကောကရင်ဘာသာနှင့် မြန်မာဘာသာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်နှင့် သထုံခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Sep 20,2022
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် သထုံခရိုင်အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့၊ နံနက် ၁၀ နာရီအချိန်က သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ အေးမြဖြူစင်လူမှုကယ်ဆယ်ရေးအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တံတားမြို့နယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်‌နေ့ နံနက်၁၀နာရီက ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယနေ့နံနက်(၉) နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ လားရှိုးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဌေးအောင်နှင့်ပါမောက္ခဆရာ/ဆရာမများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် Mask Campaign ပြုလုပ်ခဲ့သည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ “စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်တတ်စေရေး”   အသိပညာပေးဟောပြောပွဲပြုလုပ်
Sep 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူမှုစီးပွားဘ၀တိုးတက်ကောင်းမွန်စေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်၊ ကောင်းမွန်သော ဂေဟစနစ်ကို နောင်အနာဂတ်မျိုးဆက်သစ်များဆီသို့ လက်ကမ်း ပေးနိုင်ရန်ရည်ရွယ်၍ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်တတ်စေရန် အဆိုပါကျောင်း သဇင်ဆောင်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီ အချိန်ခန့်က အသိပညာပေး  ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။