ပင်းတယမြို့လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် E-Library Management System Software (LMS)အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ပင်းတယ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ) လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် E-Library Management System Software (LMS) အသုံးပြုနည်းဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က မိမိတို့ခရိုင်နှင့်မြို့နယ် ရုံးစာကြည့်တိုက်များအား ခေတ်စနစ်နှင့်အညီ Digital Library စနစ်သို့ပြောင်းလဲရာတွင် E-Library Management System Software (LMS) ကိုလက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရတော့မည်ဖြစ်ကြောင်း၊ စာကြည့်တိုက်မှူးများ အနေဖြင့်လည်းစာကြည့်တိုက်လုပ်ငန်းများ စတင်ဆောင်ရွက်ကြရာတွင် အဆင်ပြေချော့မွေ့စေရေး၊ စာကြည့်တိုက်အခန်းကဏ္ဍမြင့်တင်ရေးအတွက် E-Library Management System Software အသုံးပြုနည်းဆင့်ပွားသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ကြည်ဝင်းက E-Library Management System Software နှင့် ပတ်သက်၍ ကတ်တလောက်လုပ်ငန်း၊ စာစုစာရင်းသွင်းခြင်း၊ စာငှားလုပ်ငန်း၊ အစီရင်ခံစာ၊ စသည်တို့ကိုပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ သင်တန်းကာလမှာ စက်တင်ဘာလ(၂၀)ရက်နေ့မှ စက်တင်ဘာလ(၂၁) ရက်နေ့အထိ နှစ်ရက်ကြာဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး၊ အဆိုပါသင်တန်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)နှင့်ရွာငံမြို့နယ်ရုံးမှ ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူး၊ စာကြည့်တိုက်မှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူ ဝန်းထမ်းများမှတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)