ကြံခင်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နေပြည်သူများ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် (၈)နာရီက လမ်းမတော်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြ သည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ညွှန်ကြားချက်နှင့် အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အခြား ဌာနဆိုင်ရာမှ တာဝန် ရှိသူများ ပူးပေါင်းပြီး ကြံခင်းမြို့နေပြည်သူများ ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ (Mask) တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) အခု(၅၀၀)ကို (အခမဲ့)ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)